Hein Soe Paing .............. Welcome To My Blog
မင်္ဂလာပါ ကျွန်တော်ရဲ့blog မှကြိုဆိုပါ၏
Monday, January 2, 2017
Xiaomi များရဲ့ MIUI 8 မှာ ZawgyiX1 Font မပါရင်ထည့်သွင်း ခြင်း
ဒီနည်းလမ်းက Account မသုံးပဲထည့် သွင်းထားတာကို တွေ့ရပါတယ် ။ MIUI 8 Global နဲ့
Stable တွေအဆင်ပြေတယ် လို့လည်းသိရပါတယ် ။ လိုအပ်တာလေး ရယူပြီး ပြုလုပ်ပုံကို ပုံလေးတွေနဲ့
လေ့ လာကြည့် လိုက် ပါ။
Stable တွေအဆင်ပြေတယ် လို့လည်းသိရပါတယ် ။ လိုအပ်တာလေး ရယူပြီး ပြုလုပ်ပုံကို ပုံလေးတွေနဲ့
လေ့ လာကြည့် လိုက် ပါ။
ဒါကတော့ ဘာမှမရှိသေးတဲ့ပုံပါ။
Filemanager ကိုဖွင့်လိုက်ပါ။ ပုံတွေမှာပြထားတဲ့အတိုင်း အဆင့်ဆင့်လုပ်ဆောင်ပါ။
Filemanager ကိုဖွင့်လိုက်ပါ။ ပုံတွေမှာပြထားတဲ့အတိုင်း အဆင့်ဆင့်လုပ်ဆောင်ပါ။
Down လို့ရတဲ့ zip ကိုဖြည် ကာ အထဲထဲမှာပါတဲ့ .data folder ကို
copy ယူပြီးထည့် လိုက် ပါ။
copy ယူပြီးထည့် လိုက် ပါ။
ဒါဆိုရင်တော့ Font ထဲမှာ ZawgyiX1 ရပါပြီ။
ယူသုံးမယ် ဆိုရင်တော့ Apply ကိုနှိပ်ပြီး Reboot ချပေးလိုက် ပါ။
refer – Mg Mg Thar Kyi
ခွက်တစ် - Myanmar Mobile app
Myanmarmobileapp.com
Thursday, June 16, 2016
SAMSUNG GALAXY J5 (2016)
ဖုန်းအသစ်များကို ထုတ်လုပ်ရာတွင် အချို့သော ကုမ္ပဏီများက နာမည် အသစ်ကို အသုံးပြုကြပြီး အချို့ဖုန်းကုမ္ပဏီတွေကတော့ Series အသစ်ကို ဖန်တီးကြပါတယ်။ ရှိပြီးသားဖုန်းများကိုပင် Edition အသစ်နဲ့ ထုတ်လုပ် ရောင်းချခြင်းလည်း ပြုလုပ်တတ်ကြပါတယ်။ Samsung ဟာ ဖုန်း Series များစွာကို ဖန်တီးရောင်းချပေးထားပြီး အချို့သောဖုန်းများကို ၂၀၁၆ ဗားရှင်း နဲ့ ထပ်မံထုတ်လုပ်ရောင်းချထားပါတယ်။ ၂၀၁၆ ဗားရှင်းနဲ့ ထုတ်လုပ်ထား သည့် ဖုန်းများသည် တန်ဖိုးအမျိုးအစားစုံ ရှိပါတယ်။ A Series (2016) ဖုန်းများကတော့ အမြင့်စား ဟန်းဆက်များဖြစ်ပါတယ်။
J Series (2016) ဖုန်းများသည် တန်ဖိုးသိပ်မများပါဘူး။ Samsung ဟာ J5 ကိုလည်း ၂၀၁၆ ဗားရှင်းနဲ့ ထုတ်လုပ်ပေးထားပါတယ်။ ရိုးရိုး J5 ဟာ ၂၀၁၅ ခုနှစ် ၆ လပိုင်းက ထုတ်လုပ်ရောင်းချပေးထားခြင်းဖြစ်ပြီး ဆင်းကတ်တစ်ကတ်သုံးနဲ့ နှစ်ကတ် သုံးဆိုပြီး နှစ်မျိုးရှိပါတယ်။ မျက်နှာပြင်အကျယ်အ၀န်းကတော့ 5 inches ရှိပြီး မှတ်ဥာဏ်ပမာဏအပိုင်းတွင် 8/16 GB ဆိုပြီး နှစ်မျိုးရှိပါတယ်။ RAM ပမာဏ ကို 1.5 GB ထည့်သွင်းပေးထားပါတယ်။ ရိုးရိုး J5 ရဲ့ ဘက်ထရီအမျိုးအစား ကတော့ Li-Ion 2600 mAh ဖြစ်ပါတယ်။ J5 (2016) ဟာ ဧပြီလတုန်းက ထုတ်လုပ်ရောင်းချပေးထားခြင်း ဖြစ်ပါတယ်။ ဖြန့်ချိရောင်းချရာ ဒေသပေါ် မူတည်ပြီး မော်ဒယ်နံပါတ်များလည်း ကွဲပြားပါတယ်။ 2G, 3G, 4G Network များကို သုံးစွဲနိုင်ပြီး ဆင်းကတ်တစ်ကတ်သုံးနှင့် နှစ်ကတ်သုံးဆိုပြီး ကွဲပြားပါ သေးတယ်။
ဖုန်းရဲ့ အရွယ်အစားပမာဏကတော့ 145.8 × 72.3 × 8.1 mm ဖြစ်ကာ အလေးချိန်မှာ 159 g ရှိပါတယ်။ ဖုန်းမျက်နှာပြင်အတွက် Super AMOLED Capacitive Touch Screen ကို အသုံးပြုပေးထားပါတယ်။ ဖုန်းမျက်နှာပြင် အကျယ်အ၀န်းကတော့ 5.2 inches ရှိပါတယ်။ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော Pixels ပမာဏမှာ 720 × 1280 ဖြစ်ကာ တစ်လက်မမှာရှိမယ့် Pixel ပမာဏသိပ်သည်းဆကတော့ 282 ppi ပါ။ Multitouch စနစ်တွင် လက်ချောင်းငါးချောင်းအထက် အသုံးပြုနိုင်ပါမယ်။
အဓိက ကင်မရာသည် 13MP, f/1.9 အမျိုးအစားဖြစ်ကာ ရှေ့ကင်မရာငယ် ကတော့ 5 MP, f/1.9 အမျိုးအစားဖြစ်ပါတယ်။ LED flash ကိုလည်း အရှေ့ဘက်မှာ ထည့်သွင်းပေးထားပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်း အတွက် ROM ကို 16GB ထည့်သွင်းပေးထားပြီး RAM ကို 2GB ပါရှိအောင် ဆောင်ရွက်ပေးထားပါတယ်။ အများဆုံးချဲ့ထွင်နိုင်မယ့် မှတ်ဥာဏ်ပမာဏ ကတော့ 256GB အထိဖြစ်ပါတယ်။ အသုံးပြုပေးထားသော Chipset အမျိုး အစားကတော့ Qualcomm Snapdragon 410 ဖြစ်ပါတယ်။ အားသွင်း အသုံးပြုရမယ့် ဘက်ထရီအမျိုးအစားသည် Li-Ion 3100 mAh ဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - Quad Core 1.2 GHz
Screen - 5.2 inches
Camera - 13 MP
Bluetooth - v 4.1
Storage - 16 GB
OS - Android OS, v6.0.1
Contact - 09-421744111
Mobile Guide Journal (Every Monday)
Subscribe to:
Posts (Atom)